ဖျာပုံ ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ်တွင် (ဧရာဝတီသားဟေ့ဆောက်လုပ်ရေး ကုမ္ပဏီ ) ဦးမင်းမင်း မိသားစုနှင့်အလှူရှင်များက ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၉၈) ကျောင်းသို့ နှာခေါင်းစည်း Mask (၆၀၀၀၀) ပေးအပ်လှူဒန်း ခြင်းကို ယနေ့ နံနက် ၉နာရီ အချိန်က၊ဖျာပုံမြို့ အထက(၁) အောင်မြေခန်းမ၌ ပြုလုပ်သည်။
အဆိုပါ နှာခေါင်းစည်း Mask များပေးအပ်လှူဒါန်းရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ် ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး အလှူရှင်များကိုယ်စား ဦးမင်းမင်း (ဧရာဝတီသားဟေ့ ဆောက်လုပ်ရေးကုမ္ပဏီ) မှ ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်း Mask များ လှူဒါန်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အထက(၄) ကျေုာင်းအုပ်ဆရာကြီး ဦးကျော်ဇောက ကျောင်းအုပ်ဆရာကြီး / ဆရာမကြီး ကိုယ်စား ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် အလှူရှင်များဖြစ်ကြသော (ဧရာဝတီသားဟေ့ဆောက်လုပ်ရေး ကုမ္ပဏီ ) ဦးမင်းမင်း မိသားစု ၊ ဦးစိန်ဝင်း (ဆေးဆိုင်) မိသားစု ၊ ဦးအောင်ခိုင်ဝင်း မိသားစုနှင့် အလှူရှင်များက နှာခေါင်းစည်း Mask (၆၀၀၀၀) အား ပေးအပ်လှူဒါန်းရာသက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး ၊ဆရာမကြီးများက လက်ခံရယူခဲ့ကြောင်းသိရသည်။
အောင်ဝင်းနိုင်(ခရိုင် ပြန်/ဆက်)