ကျောင်းကုန်း ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ပြည်သူ့ဆေးရုံ၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ အသက်(၂၀)အမျိုးသားနှင့်အတူ ဖူဆယ်ဘောလုံးကန်ကြသူများအား ယမန်နေ့ညနေပိုင်းက ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Test Kit (RTK) စက်ဖြင့်စစ်ဆေးရာ အမျိုးသား(၁၁)ဦးတွင် ထပ်မံ၍ပိုးတွေ့ရှိကြောင်းကျန်းမာရေးဌာနက သိရသည်။
ကျောင်းကုန်းမြို့နယ်တွင် ဇွန်လ ၂၂ ရက်နေ့က အမျိုးသမီး(၁)ဦး၊ ဇွန်လ ၂၃ရက်နေ့တွင် အမျိုးသား(၂)ဦးအမျိုးသမီး(၁၀)ဦး၊ ဇွန်လ ၂၆ ရက်နေ့တွင ်အမျိုးသား(၁၂)ဦး၊ အမျိုးသမီး(၇)ဦး၊ စုစုပေါင်း အမျိုးသား(၁၄)ဦး၊ အမျိုးသမီး(၁၈)ဦး၊ (၅)ရက်အတွင်း(၃၂)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)