ဖောင်းပြင် ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိတွေ့ ဆက်စပ်ခဲ့ သူများကို ၎င်းတို့နေအိမ်တွင် အသွားအလာကန့်သတ်ခြင်းဖြင့် သီးခြားစောင်ကြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ RDT Test Kit ဖြင့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပိုးတွေ့လူနာ ၉ ဦး တွေ့ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများသည် မော်လိုက်မြို့နယ်မှ ပိုးတွေ့ရှိသူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများဖြစ်ပြီး ယခုလ ၂၃ ရက်နေ့က လူ၂၀ ဦး စစ်ဆေးရာ ၁၃ ဦး ၌လည်းကောင်း၊ ၂၄ ရက်နေ့က လူ ၁၇ ဦး စစ်ဆေးရာ ၅ ဦး ၌လည်းကောင်း၊ ၂၆ ရက်နေ့ကလူ ၆ ဦး စစ်ဆေးရာ ၅ဦး ၌လည်းကောင်း၊ ယနေ့တွင်လူ ၃၁ အားစစ်ဆေးရာ ၉ ဦး ၌လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ပိုးများ တွေ့ရှိကြောင်းသိရသည်။
ဖောင်းပြင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး တွေ့သူဦးရေ စုစုပေါင်း ၃၂ ဦး ရှိပြီဖြစ်ပြီး ပိုးတွေ့လူနာများကို မြို့နယ်ပြည်သူ့ဆေးရုံရှိ သံဃာဆောင်၌ဖွင့်လှစ်ထားရှိသော Isolation Word တွင် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးဌာနမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)