မော်လမြိုင် ဇွန် ၂၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ် များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအသင်း အဖွဲ့ဝင် များ တက်ရောက်သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်ယုက ယခုအခါ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိလူနာ ပြည်တွင်းကူးစက်မှုနှုန်း မြင့်မား လာသဖြင့် အသိပညာပေးလုပ်ငန်းများတွင် ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် Mask Campaign ဆောင်ရွက်ခြင်းကို ရပ်ကွက်/ကျေးရွာအလိုက် အုပ်ချုပ်ရေးရုံးများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များမှHand Speakerဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စားသောက်ဆိုင်များ ဖွင့်လှစ်ခြင်းနှင့် အဝေးပြေး မော်တော်ယာဉ်လိုင်းများပြေးဆွဲရာတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန် လိုကြောင်းတို့ကို ဌာနဆိုင်ရာကော်မတီဝင်များအား အသေးစိတ်ဆွေးနွေး ပေးသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်ကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူး ရဲအောင်စောက ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော စည်းကမ်းသတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ကြရေး ကော်မတီဝင်များမှ ပူးပေါင်း ဆောင်ရွက်ကြရန် လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာသိန်းတန်က Mask Campaign ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ရာတွင်လည်း ပြည်သူလူထုအနေဖြင့် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်မှု အားနည်းသည် ကိုတွေ့ရှိရသဖြင့် လူအဝင်အထွက်နေရာများ ဖြစ်သည့် စျေးအတွင်း၊ လူစည်ကားရာနေရာများတွင် သက်ဆိုင်ရာတာဝန်ခံများက အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်ရန်လိုအပ်ကြောင်းဆွေးနွေးတင်ပြသည်။
ထို့နောက်မြို့နယ် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဋ္ဌက ကော်မတီဝင်များ ဆွေးနွေးတင်ပြချက်များ အပေါ်လိုအပ်သည့်ကဏ္ဍရပ်များတွင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းသည်။
ခရိုင်(ပြန်/ဆက်)