ရေး ဇွန် ၂၈
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉:၃၀ အချိန်ခန့်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ကျော်ဦးက ၂၀၁၉ ဇူလိုင်လ ၂၃ ရက်နေ့က အသစ်ထွက်ရှိသည့် ကလေးသူငယ်ဥပဒေ၊ နည်းဥပဒေများအကြောင်းကို အကျဉ်းချုပ် ရှင်းလင်းခြင်း၊ ကလေးသူငယ်၏ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအကြောင်း၊ ကလေးသူငယ် များအား အကြမ်းဖက်ခြင်းနှင့် အကြမ်းဖက်ခြင်း၏ အကျိုးဆက်များအကြောင်းကို ဟောပြော ခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ကလေးများအား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ များအကြောင်းကို ဉာဏ် စမ်းမေးခွန်းမေးပြီး လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပဆောင်ရွက်ခဲ့ပြီး တာဝန်ခံ ဆရာမကြီးထံသို့ လက်ဆေးဆပ်ပြာများကို လှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)