ဖျာပုံမြို့၌ အခြေခံပညာကျောင်းပေါင်း ( ၂၉၈ ) ကျောင်းသို့ နှာခေါင်းစည်း Mask (၆၀၀၀၀) ပေးအပ် လှူဒါန်း

ဖျာပုံ ဇွန် ၂၈
 
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (ဧရာဝတီသားဟေ့ဆောက်လုပ်ရေးကုမ္ပဏီ ) ဦးမင်းမင်း မိသားစုနှင့်အလှူရှင်များက ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၉၈) ကျောင်းသို့ နှာခေါင်းစည်း Mask (၆၀၀၀၀) ပေးအပ်လှူဒန်းခြင်းကို ဇွန် လ ၂၈ရက်နေ့ နံနက် ၉နာရီ အချိန်က၊ဖျာပုံမြို့ အထက(၁) အောင်မြေခန်းမ၌ ပြုလုပ်သည်။
အဆိုပါ နှာခေါင်းစည်း Mask များပေးအပ်လှူဒါန်းရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ် ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး အလှူရှင်များကိုယ်စား ဦးမင်းမင်း (ဧရာဝတီသားဟေ့ ဆောက်လုပ်ရေး ကုမ္ပဏီ ) မှ ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်း Mask များ လှူဒါန်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အထက(၄) ကျေုာင်းအုပ်ဆရာကြီး ဦးကျော်ဇောက ကျောင်းအုပ် ဆရာကြီး / ဆရာမကြီး ကိုယ်စား ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် အလှူရှင်များဖြစ်ကြသော (ဧရာဝတီသားဟေ့ဆောက်လုပ်ရေး ကုမ္ပဏီ ) ဦးမင်းမင်း မိသားစု ၊ ဦးစိန်ဝင်း (ဆေးဆိုင်) မိသားစု ၊ ဦးအောင်ခိုင်ဝင်း မိသားစုနှင့် အလှူရှင်များက နှာခေါင်းစည်း Mask (၆၀၀၀၀) အား ပေးအပ်လှူဒါန်းရာသက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး ၊ဆရာမကြီးများက လက်ခံရယူခဲ့ကြောင်းသိရသည်။
အောင်ဝင်းနိုင်