မုဒုံ ဇွန် ၂၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် အရေးပေါ်လူနာများ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်နိုင်စေရန် ယနေ့ နံနက် ၁၀ နာရီက မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ ပြင်ပလူနာဌာနတွင် တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ စနစ်တကျ ဝတ်ဆင်နိုင်ရန်လက်တွေ့သရုပ်ပြသင်ကြားခဲ့သည်။
ထိုသို့ သင်ကြားရာတွင် မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးကြီးကြပ်-၂ ဒေါ်ဇင်မေဦးနှင့်ကျန်းမာရေးဝန်ထမ်းများ ၊မြို့နယ်ကြက်ခြေနီ အသင်းမှ တပ်ဖွဲ့မှူး ဒေါက်တာ ကျော်စိုးမိုးတို့ကမြို့နယ်အတွင်းရှိ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လူမှု ကယ်ဆယ်ရေး အသင်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့ကို Power Point ဖြင့် တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ စနစ်တကျဝတ်ဆင်နည်းကို ပြသရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ ဝတ်ဆင်၍ သင်ကြားပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ