ကန်ကြီးထောင့် ဇွန် ၂၈
ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလူငယ်များ အလုပ်အကိုင်အခွင့်အလန်းများရရှိစေရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် အခြေခံကွန်ပြူတာသင်တန်းကို ဇူလှိုင်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
အဆိုပါ သင်တန်း သို့ တက်ရောက်လိုသူများအနေဖြင့် ဇွန် ၃၀ ရက်နေ့ထက်နောက်မကျစေဘဲမြို့နယ်ရုံးသို့ လာရောက် စာရင်းပေးသွင်းရန်လိုအပ်မှာဖြစ်ပြီး ကျား ၇ ဦး မ ၈ ဦး စုစုပေါင်း ၁၅ ဦး အားသာ သင်ကြား သွားမည်ဖြစ်သည်။
သင်တန်းကို ဇူလိုင် ၁ ရက်မှ သြဂုတ် ၅ ရက်နေ့အထိ ၊၂၅ ရက် ကြာမှာဖြစ်ပြီးအခမဲ့သင်ကြားပေးမှာဖြစ်၍ အသေးစိတ် သိရှိလိုပါက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖုန်း၀၄၂-၄၅၁၈၅/၀၉၇၈၈၁၄၁၇၇၅သို့ ရုံးချိန်အတွင်း စုံစမ်းနိုင်ကြောင်းသိရသည်။
ဇင်မာ(ကန်ကြီးထောင့်)