သရက်မြို့၌ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သရက် ဇွန် ၂၈

 မကွေးတိုင်းဒေသကြီး သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်မြက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ တက်ရောက်ခဲ့ကြောင်း သိရသည်။     
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်မြက်အောင် က သရက် မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများရှိလာသဖြင့် မြို့နယ်အဆင့်ကော်မတီများ ဖွဲ့စည်းထားရှိပြီးဖြစ်၍ လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်နှင့် လုပ်ငန်းအလိုက်ဆပ်ကော် မတီများဖွဲ့စည်းပြီး စည်ပင်၊ မီးသတ်၊ ကြက်ခြေနီ၊ ကျန်းမာရေး၊ ပညာရေးဌာနများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ မြို့ပေါ်အတွက် Quarantine Centre  များ ကို သတ္တဌာနဘုရားဝန်းအတွင်းရှိ ယဉ်ကျေးမှုကဇာတ်ရုံနှင့် ကျေးရွာအုပ်စု(၅၃)အုပ်စုတွင်ဆောင်ရွက် ထားရှိပြီး လူဦးရေ (၁၆၃၂) ဦး ထားရှိနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။   
ဆက်လက်၍ ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်ရွှေအောင်က သရက်မြို့နယ်တွင် ဇွန် ၂၅ ရက်နေ့က ဈေးသည်အမျိုးသားတစ်ဦးတွင်  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ခရိုင်ဆေးရုံတွင် ကုသစောင့်ရှောက်မှုပေးထားပြီး ရွာမကျေးရွာမှ ပိုးတွေ့လူနာ (၈) ဦးအား ဆင်ကော်တိုက်နယ် ဆေးရုံတွင် စောင့်ရှောက်မှုများပေးထားကြောင်း၊ ထိစပ်သူများအား RTD ဖြင့် စစ်ဆေးမှု အခြေအနေကိုပြောကြားဆွေးကာ အခြားတိုင်း၊ ပြည်နယ်များနှင့် Home Stay မှ လာရောက်သူ များအား RTD ဖြင့် စစ်ဆေးရန် ကြိုတင်ပြင်ဆင်နိုင်ရေး ဆွေးနွေးခဲ့သည်။
 
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေ က ဇူလိုင် ၁ ရက်နေ့တွင် သရက်မြို့မဈေးနှင့် ယာယီပျံကျဈေးတို့တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ Mask Campaign ပြုလုပ်ရန် ဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်နိုင်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဌာနဆိုင်ရာမှ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)