ကျောင်းကုန်း ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး အတွက် နှာခေါင်းစည်း Mask များ မြို့မဈေးလမ်းဆုံ၌ ယနေ့နံနက် ၇ နာရီအချိန်ခန့်က အခမဲ့ဖြန့်ဝေပေးခဲ့ ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ဒေသခံပြည်သူများအား နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေးခဲ့ ကြသည်။
ဆက်လက်၍ မြို့မဈေးအတွင်းရှိဈေးသည်/ဈေးဝယ်တို့အား နှာခေါင်းစည်းတပ်ဆင်မှုရှိ/ မရှိ တို့ကို စစ်ဆေးကာအသိ ပညာပေးခဲ့ကြပြီး၊ နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့သူ(၃၂)ဦးအထိ ရှိနေပြီဖြစ်ရာ ဆက်လက်မပျံ့ပွား စေရန် ရည်ရွယ်ချက်ဖြင့် ယခုလို ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ယနေ့နံနက် နှာခေါင်းစည်း mask (၁၀၀၀)ခန့် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ထွေ/အုပ်ရုံးက သိရသည်။
ဝင်းကြိုင်