နတ်မောက် ဇွန် ၂၈
မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။
အစည်းအဝေးတွင် နတ်မောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးနေဇော်အောင်က အဖွင့်အမှာ စကား ပြောကြားရာတွင် ကိုဗစ်စင်တာများ ပြင်ဆင်ထားရန်၊ အသိပညာပေး လုပ်ငန်းများ နေ့စဉ် ဆောင်ရွက်သွားရန်၊ မြို့ဝင်၊မြို့ထွက်ဂိတ်များတွင် ခရီးသွားပြည်သူများအား Mask တပ်ဆင် သွားလာရေး ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် တို့ကိုဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ဆေးရုံကျန်းမာရေးမှူးဒေါက်တာ မောင်မောင်ချင်း ကဆွေးနွေး ရာတွင် နတ်မောက်မြို့နယ်တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၂၄)ဦးရှိပြီ ဖြစ်ကြောင်းနှင့် ကိုဗစ်ပိုးတွေ့လူနာများစည်းကမ်းတကျရှိရေး ဆောင်ရွက် ထားရှိပါကြောင်း တို့ကို ဆွေးနွေးခဲ့ပြီး၊ တက်ရောက် လာသူများကလည်း အပြန်အလှန် ဆွေးနွေးခဲ့သည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
သင်းသင်းမြတ်(နတ်မောက်)