ကျိုက်မရောမြို့ မိုးလုံလေလုံအားကစားခန်းမ၌ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ထားရှိရန် ပြင်ဆင်ထား

ကျိုက်မရော ဇွန်  ၂၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံရှိ စောင့်ကြည့်ကုသရေးစင်တာတွင် နေရာ လိုအပ်ချက်အရ ကိုဗစ်−၁၉ အတည်ပြုလူနာများ စောင့်ကြည့်ကုသနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ကျိုက်မရောမြို့ရန်မျိုးအောင်ရပ်ကွက်ရှိ မြို့နယ် အားကစားခန်းမကိုအမျိူးသား ၁၀၀ ဦး၊ အမျိုးသမီး ၅၀ ဦးခန့်ထားရှိကုသနိုင်ရေးအတွက် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရန် အတွက် မြို့နယ်အဆင့် ကော်မတီက ဇွန်လ၂၇ ရက်နေ့မှစတင်ကာကြိုတင် ပြင်ဆင်ဆောင်ရွက် ထားရှိကြောင်းသိရသည်။

ထို့ပြင်ကျိုက်မရောမြို့မှလူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့်စေတနာရှင်အလှူရှင်များ ကလည်း အဆိုပါကုသစောင့်ကြည့်ရေးစင်တာအတွက် လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများ လာရောက်ထောက်ပံ့လျက်ရှိကြောင်းသိရသည်။

ချိုမြတ်မြတ်ထွေး