ရွှေတောင်မြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

 

ရွှေတောင်  ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရုံးက ယနေ့နံနက် ၉း၃၀ နာရီတွင် ရွှေတောင်မြို့ (အထက) ရွှေတောင်ရတနာခန်းမ၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက  " ရေဘေး၊ မီးဘေး၊ လေဘေး၊ ငလျင်ဘေးနှင့် မုန်တိုင်းဘေး အစရှိသော သဘာဝဘေးများနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များကို ကျောင်းသား/ကျောင်းသူများ သိရှိလိုက်နာဆောင်ရွက်နိုင် ရေးနှင့် ယင်းတို့ကို မိမိတို့ပတ်ဝန်းကျင်တွင် ပြန်လည်မျှဝေနိုင်ရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ အသိပညာပေး ဗီဒီယိုဖိုင်ပြသခြင်းနှင့် ကျောင်းသား/ ကျောင်းသူများနှင့်အတူ လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး  (Surgical mask) များ ဝေငှပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း