ဟိုပင် သြဂုတ် ၁၁
ကချင်ပြည်နယ်၊ မိုညှင်းခရိုင်၊ ဟိုပင်မြို့၌ ၂၀၂၀−ပြည့်နှစ်တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို သြဂုတ် ၉ ရက်နေ့ နံနက်က အွန်လိုင်းစနစ်ဖြင့် ထုတ်ပြန်ခဲ့ပြီး သြဂုတ် ၁၀ ရက်နေ့တွင် စာစစ်ဌာနများဖြစ်သော အ.ထ.က ၁၊ အ.ထ.က မြသီတာ ကျောင်းများ၌ အောင်စာရင်းများ ထုတ်ပြန်ခဲ့ရာ အ.ထ.က ၁ ဟိုပင်စာစစ် ဌာနတွင် ဖြေဆိုသူ ၆၅၃ ဦး၊ အောင်မြင်သူ ၂၄၇ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၃၇.၈၃ % ၅ ဘာသာ ၁ ဦး၊ ၄ ဘာသာ ၃ ဦး၊ ၃ ဘာသာ ၁၁ ဦး၊ ၂ ဘာသာ ၄၀ ဦး၊ ၁ ဘာသာ ၅၄ ဦးနှင့် အ.ထ.က မြသီတာ စာစစ်ဌာနတွင် ဖြေဆိုသူ ၅၉၂ ဦး၊ အောင်မြင်သူ ၁၆၆ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၂၈ % မှ ၄ ဘာသာ ၁ ဦး၊ ၃ ဘာသာ ၄ ဦး၊ ၂ ဘာသာ ၁၂ ဦး၊ ၁ ဘာသာ ၂၇ ဦးရှိရာ ယမန်နှစ်ထက် အောင်ချက်ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အောင်စာရင်းတွင် အ.ထ.က ၁ ဟိုပင် စာစစ်ဌာနမှ ဝိဇ္ဇာဘာသာတွဲတွင် ဗဟိုအဆင့် Top 5 ၊ ပြည်နယ်အဆင့် အဆင့် ၁ မသန္တာဦးနှင့် ဘောဂဘာသာတွဲတွင် ပြည်နယ်အဆင့် အဆင့် ၃ မအိအိမိုးတို့က အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။
တိုးတိုးမေ(ဟိုပင်)