ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ထားရှိ

ထန်းတပင် (ပဲခူး) ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရန် နှင့် ကူးစက်မှုများ မဖြစ်ပေါ်စေရေးအတွက် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်ကို ယနေ့ နံနက်ပိုင်းက စစ်တောင်းတံတား အဝိုင်းပတ်တွင် ပြန်လည်ဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးစစ်ဆေးမှုများ ကြိုတင် ကာကွယ်ရေး အသိညာပေးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ရောဂါကူးစက် ပြန့်နှံ့မှု မရှိစေရေးအတွက်  မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပူးပေါင်းပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် မြို့အဝင် အထွက်သွားလာနေကြ သည့် ခရီးသွားပြည်သူများနှင့် ဈေးဝယ်လာသူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း များ တပ်ဆင်သွားလာစေခြင်း၊ နှာခေါင်းစည်းများ မပါရှိသည့် ခရီးသွားများကို နှာခေါင်းစည်းများ ဝေငှပေးခြင်း၊ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော အသိပညာဗဟုသုတများ ဖြန့်ဝေပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောတတ်စေရန် ပြသပေးခြင်းနှင့် စစ်ဆေးရေးဂိတ်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်သည်အထိ ထားရှိစစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သိရှိရ သည်။