ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီနိုင်ရေးအတွက် နှာခေါင်းစည်းMASK စနစ်တကျတပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်

 

ဇီးကုန်း ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချူပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ဦးဆောင်မှုနှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၈ နာရီက ရန်ကုန်-ပြည်ကားလမ်း မီးပွိုင့်လမ်းဆုံနှင့် မြို့မဈေးအတွင်း/အပြင် လူစည်ကားရာနေရာများတွင် Mask Campaign  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချူပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ထွေ/အုပ်၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်     ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်/ဆက်ဝန်ထမ်းများ၊  ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းအဖွဲ့သည် လူစည်ကားရာ မီးပွိုင်လမ်းဆုံ၊ မြို့မဈေးကြီး အတွင်း/အပြင်နှင့် လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာခြင်းမရှိသူများ၊ ဈေးသွား ဈေးလာများအား ယခုဝယ်ယခုတပ် စနစ်ဖြင့်ဆောင်ရွက်ခဲ့ပြီး၊ စနစ်တကျ Mask နှာခေါင်း စည်းတပ်ဆင်သွားလာရေး ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         

တင့်ဆွေ