ပေါင်းတည်မြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပေါင်းတည် ဇွန် ၂၈
 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်း သာယာစိုပြေစေရေးအတွက် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က အဂ္ဂရာပြည့်ကျေးရွာအုပ်စု၊ ရှားပြင်ကြိုးဝိုင်း၊ အကွက်အမှတ်(၇၈)တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် အဖွဲ့ဝင်များက ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး မှူးနှင့်ရပ်မိရပ်ဖများ စုစုပေါင်းအင်အား (၄၅)ဦးမှ မန်ဂျန်ရှားပင် (၃၆၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ချစ်နှင်းသုန်