မြို့သစ် ဇွန် ၂၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့၌ စာသင်ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ စာသင်ကြားနိုင်စေရန်အတွက် မြို့သစ်မြို့ မြို့မအလယ်တန်း ကျောင်းခွဲ ကျောင်းမြေနေရာတွင် (၉၀' ×၃၀') RCC (၂) ထပ်ကျောင်း ဆောင်သစ် ဆောက်လုပ်လျက်ရှိရာ ယခုအခါတွင်(၂၅) ရာခိုင်နှုန်း ပြီးစီး ပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့သစ်မြို့ မြို့မအလယ်တန်းကျောင်းခွဲ (၉၀'×၃၀') RCC (၂) ထပ် ကျောင်းဆောင်သစ် တည်ဆောက်ခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ခွင့်ပြုငွေ ကျပ် (၁၃၃ ဒသမ ၃၈) သန်းဖြင့် တင်ဒါ အောင်မြင်သော ခင်ဇော်တိုးကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းကို စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၊ မြို့နယ်အရည်အသွေးစစ်ကော်မတီ၊ ပညာရေးဦးစီးဌာနနှင့် တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ (၂၅) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း