နတ်မောက် ဇွန် ၂၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ (၅)ဦး ထပ်မံတွေ့ရှိခဲ့ ကြောင်းမြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှသိရသည်။
နတ်မောက်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ဇွန်လ (၂၇) ရက်နေ့နံနက်က သံသယရှိလူနာ (၂၆)ဦးကို လာရောက် စစ်ဆေးရာ အဆိုပါလူနာများအနက် နတ်မောက်မြို့နယ် အောင်ဆန်းရပ်ကွက် (၁)ဦး ၊စည်သာကျေးရွာ (၄) ဦး၊ စုစုပေါင်း (၅) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး (Positive) တွေ့ရှိ ခဲ့ကြောင်းသိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ လူနာ ယနေ့အထိ (၂၄) ဦးရှိပြီး၊ ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံတွင် (၂၀) ဦး ၊ Covid Centre (2) တွင် (၄) ဦး ထားရှိသွားမည် ဖြစ်ကြောင်းသိရသည်။
လှဝင်း