စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ညောင်လေးပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မှ ယနေ့ နံနက် ၈ နာရီ ခွဲအချိန်က ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်ရှိ ရဲနွယ်ဆည်အတွင်းသို့ ငါးမျိုးနှစ်သိန်း စိုက်ထည့်ခဲ့ကြောင်း သိရသည်။
ငါးမျိုးစိုက်ထည့်ရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ဖေ နှင့် ဌာနဆိုင်ရာများ ညောင်လေးပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထိန်ဝင်းနှင့် ဝန်ထမ်းများ တက်ရောက်ကြပြီး တာဝန်ရှိသူများထံ ငါးမျိုးများ အသီးသီးလွှဲပြောင်းပေးအပ်ကြကာ ရဲနွယ်ဆည် အတွင်းသို့ ငါးမြစ်ချင်းအကောင်းရေ တစ်သိန်း၊ ငါးခုန်းမကြီး အကောင်ရေ တစ်သိန်း စုစုပေါင်း ငါးမျိုး နှစ်သိန်း စိုက်ထည့်ခဲ့ ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်