ဝါးခယ်မမြို့တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်) ရိတ်သိမ်းခြင်းနှင့် မြေဩဇာထည့်သွင်းခြင်း အခမ်းအနားကျင်းပ

ဝါးခယ်မ၊ ဇွန်  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်) ရိတ်သိမ်းခြင်းနှင့် မြေဩဇာထည့်သွင်းပွဲ အခမ်းအနားကိုဝါးခယ်မမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ ကြာဖြူ ကျေးရွာရှိ စိုက်ပျိုးရေးတောင်သူပညာပေးစခန်းတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ တိုင်းဦးစီးမှူး ဦးကျော်ကျော်လှိုင်၊ ခရိုင် ဦးစီးမှူး ဒေါ်အေးအေးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်သိန်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ တောင်သူများ စုစုပေါင်းအင်အား (၃၀)ဦးတက်ရောက်ခဲ့ပြီးအခမ်း အနားသို့ တက်ရောက် လာသူများကသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်) များအား ရိတ်သိမ်း ၍မြေဩဇာအဖြစ် မြေမြုပ် အသုံး ပြုခဲ့ကြသည်။

ယင်းစိုက်ပျိုးရေးတောင်သူပညာပေးစခန်းမှာ ဝါးခယ်မ-ရန်ကုန် မော်တော်ယာဉ်လမ်း မိုင်တိုင် အမှတ် (/)ရှိ ဦးရွှေပွား အပါအဝင် တောင်သူ()ဦးပိုင်ဆိုင်သော ဦးပိုင်အမှတ်(/) သဲကုန်းကွင်းအမှတ် (၁၀၀၃/၁၇၆၅)            စုစုပေါင်း(၃၀)ဧကတွင် မြေဆီ လွှာ၏စွမ်းရည်နှင့် ဂုဏ်သတ္တိ မြင့်မားစေရန်၊ မြေဆီလွှာ ပိုးကျမှုလျှော့နည်းစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၁၉ ခုနှစ်မှစ၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်) များအား စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စောသန္တာဦး