နတ်တလင်းမြို့တွင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာသိကောင်းစရာသင်တန်းဖွင့်လှစ်

နတ်တလင်း  ဇွန် ၂၇

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများအကြောင်းသိကောင်းစရာသင်တန်းပို့ချမှုကို ယမန်နေ့ နေ့လယ် ၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်သည်။

သင်တန်းတွင် နတ်တလင်းမြို့နယ်ဥပဒေရုံး ဒုတိယဦးစီးမှူးက ကလေးသူငယ်ဆိုင်ရာဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပြောကြားပြီး သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးဒေါ်မို့မို့အေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များဌာန၏ ဆောင်ရွက်နေသည့်လုပ်ငန်းကြီး (၇)ရပ်နှင့် ကလေးသူငယ်ပြုစု ပျိုးထောင်ရေး ကာကွယ်စောင့်ရှောက်ရေးနှင့် ဥပဒေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းတက်ရောက်လာသူများ၏ သိလို၍မေးမြန်းမှုများကို ဥပဒေအရာရှိနှင့် ခရိုင်ဦးစီးမှူးတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးသည်။ သင်တန်းသို့မြို့ပေါ်(၄) ရပ်ကွက်စီမံ အုပ်ချုပ်ရေး​ကောင်စီဥက္ကဋ္ဌနှင့် စာရေးများ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

ထားထားဦး (နတ်တလင်း)