မြောက်ဦးမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေး ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ထားရှိ

မြောက်ဦး  ဇွန် ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရန်နှင့်ကူးစက်မှုများမဖြစ်ပေါ်စေရန်အတွက် မြို့အဝင်၊ အထွက် ‌အလယ်ဈေးတံတား Check Point နှင့် ထမ္မရာဇ်ရပ်ကွက်၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးရှေ့ Check Point (၂)ခုဖွင့်လှစ်ပြီး ယနေ့ နံနက် ၈ နာရီကစတင်ကာ ကျန်းမာရေးစစ်ဆေးမှုများ၊ ကြိုတင်ကာကွယ် ရေး၊ အသိပညာပေးရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ကာ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ မြောက်ဦးမြို့အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေ နီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းပူးပေါင်းကာ အရှိန်အဟုန်မြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ဆက်လက်၍ ပြည်တွင်းကူးစက်ပြန့်ပွားမှု မြင့်မားနေချိန်တွင် မြောက်ဦးမြို့နယ်အတွင်း ရောဂါကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီမှ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် မြို့အဝင်၊ အထွက်ဂိတ်များမှ သွားလာနေကြသည့် ခရီးသွားပြည်သူများနှင့်ဈေးဝယ်လာသူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများတတ်ဆင်သွားလာစေခြင်း၊ နှာခေါင်းစည်းများမပါရှိသည့် ခရီးသွားများကို နှာခေါင်းစည်းများဝေငှပေးခြင်း၊ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော အသိပညာ ဗဟုသုတများ၊ လက်ကိုစနစ်တကျဆေးကြောတတ်စေရန် ပြသပေးခြင်းနှင့် Check Point ကျန်းမာရေး စစ်ဆေးမှုသတ်မှတ်နေရာများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်သည်အထိ ထားရှိစစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း