အုတ်ဖို ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အေးမြသာယာကျေးရွာအုပ်စု၊အမှတ်(၉)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ တွင် အရေးပေါ်ရှေ့ဦးပြုစုခြင်းနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ လူနာစမ်းစစ်ခြင်း၊ ရှေးဦး ပြုစုသူ၏လုပ်ငန်းစဉ်များ၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အရိုးကျိုးအဆစ်လွဲခြင်း၊ ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေးနှင့် ပြင်ဆင်ရမည့်လုပ်ငန်းစဉ်များစသည့် စုစုပေါင်း သင်ခန်းစာ (၁၁)မျိုးကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးမျိုးမင်းထက်နှင့် ဦးအာကာမိုးမြင့်တို့မှ သင်တန်းသား(၂၀)ဦးဖြင့် သင်တန်းကာလတစ်နေ့တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သိရသည်။
အောင်သူ(အုတ်ဖို)