ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်း များ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မောင်တော ဇွန် ၂၇ ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်း များ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းမှ စ၍ မြို့အဝင်အထွက်ဂိတ်တွင် လုပ်ဆောင်လျက် ရှိကြောင်း သိရ သည်။ မောင်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကရုဏာကွန်ယက် အဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် မြို့ဝင်ဝစစ်ဆေးရေးဂိတ်တွင် မြို့အတွင်းသို့ ဝင်ရောက်လာသောယာဉ်များ၊ သုံးဘီးဆိုင်ကယ် များ၊ ကုန်တင်ယာဉ်ကြီးများနှင့် လိုက်ပါလာသော ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ နှာခေါင်းစည်း မဝတ်ဆင်ဘဲလာသူများကို နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ပြည်သူများအနေဖြင့် အိမ်ပြင်ထွက်ပါက နှာခေါင်းစည်း Maskများ စနစ်တကျတင်ဆင်၍ သွားလာကြရန်ပြောကြားပြီး မြို့နယ်အတွင်း အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ သက်လွင်စိုး ခရိုင်(ပြန်/ဆက်)