တမူး၊ ဇွန်၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၈)နာရီအချိန်က စော်ဘွားအင်း ရပ်ကွက်ရှိ မြို့ရှောင်လမ်း လမ်းဘေး ဝဲ/ယာ တစ်လျှောက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် တမူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမောင်မောင်ကြည်၊ ခရိုင်သစ်တော ဦးစီးမှူး ဦးအောင်မင်းလှိုင်၊ မြို့နယ်သစ်တောဦးစီးမှူး ဦးရွှေနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်စုဝေနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများမှ ကျွန်း(၄၅၅) ပင်၊ပျဉ် ကတိုး(၆၅)ပင်၊ စိန်ပန်းပြာ(၈၅)ပင်၊ မျောက်ငို(၆၃၀)ပင်တို့အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကျော်ကြီး