ပေါက်ခေါင်းမြို့၌ လုံခြုံရေးနှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ

ပေါက်ခေါင်း ဇွန် ၂၇ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက လုံခြုံရေးနှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ယာယီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည် ပတ်ဝန်းကျင်မြို့များတွင်ဖြစ်ပွားနေသည့်အတွက် ကာကွယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မိမိရုံးနှင့် ဝန်ထမ်းများ‌ ဘေးကင်းစေ ရေးအတွက် အထူးဂရုစိုက်ရန် လိုအပ်ကြောင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများမှ လုံခြုံရေးကိစ္စရပ်များနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူအသီးသီးမှ ပြန်လည်ဖြေရှင်း ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။ သန်းထွန်းအောင်