ဂွ ဇွန် ၂၇
ရခိုင်ပြည်နယ်၊ ဂွမြို့တွင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဂွမြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များဖြစ်သည့်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်နေမှုများ၊ မြို့ဝင်မြို့ထွက် ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရေး၊ quarantine Centre များ ကြိုတင်ပြင်ဆင်ထားရှိရေးနှင့်ရောဂါ ကူးစက်ပြန့်ပွါးမှု မရှိစေရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ဆရာဝန်ကြီး နှင့် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင် များ၏ တင်ပြဆွေးနွေးမှုများကို ကော်မတီဥက္ကဋ္ဌ က ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့ပေါ်ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများ၊ရပ်မိရပ်ဖများနှင့်လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြောင်းသိရသည်။
ရွှေရည်ဝင်း