ဓနုဖြူ ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ သဘာဝမြစ်ချောင်းအင်းအိုင်များအတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးမျိုးကောင်းမျိုးသန့်များ ပြန့်ပွားစေရေးနှင့် ဒေသတွင်း ကျေးလက်နေပြည်သူများ ငါးရိက္ခာ ပိုမိုစားသုံးနိုင်ရေး ရည်ရွယ်၍ ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝ မြစ်ချောင်းအင်းအိုင်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ ယမန်နေ့က ဓနုဖြူမြို့နယ်၊ ကျုံတနော် အရှေ့ကျေးရွာ၊ ကျုံတနော်ချောင်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်မောင်ဝင်း၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပန်းတနော် ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်သင်းပပထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံအင်းသားကြီးများနှင့် ရေလုပ်သားများ တက်ရောက်ပြီး (၂) လက်မ အရွယ် ရှိသော ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၁၀၀၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၁၀၀၀၀၀)နှင့် ရွှေဝါငါးကြင်း ကောင်ရေ (၁၀၀၀၀၀)၊ စုစုပေါင်း ငါးကောင်ရေ (၃၀၀၀၀၀) အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အေးအေးအောင်