အိမ်မဲ ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် ထိန်ငူကျေးရွာအုပ်စုအား အိမ်ထောင်စု၊ လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က စတင်ကာ အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးမှ ထိန်ငူကျေးရွာ အုပ်စုအတွင်း အသက် (၁၀)နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကျား(၆၇) ဦး၊ မ(၇၇) ဦး၊ စုစုပေါင်း (၁၄၄) ဦးတို့ကို (နေ့ချင်းပြီး) အခမဲ့ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ကျေးရွာအုပ်စု(၉၇)အုပ်စု၊ ကျေးရွာခွဲပေါင်း(၅၀၅)ရွာတို့မှ အိမ်ထောင်စု ဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကျန်ရှိနေသေးသည့် ပြည်သူများအား မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အခမဲ့ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်