လဟယ် ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ဒုတိယအကြိမ် mask camping ကို ယနေ့နံနက် (၉)နာရီအချိန် မှ(၁၀)နာရီထိ လဟယ်မြို့လမ်းဆုံ၌ နှာခေါင်းစည်းMasksများ အခမဲ့ဖြန့်ဝေခဲ့ဆောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ကူးစက်ရောဂါကာလအတွင်း ဒေသခံပြည်သူများ၏ နေ့စဉ် သွားလာလှုပ်ရှားမှုတွင် မဖြစ်မနေအသုံးပြုရမည့် ကျန်းမာရေးအတွက်အထောက်အကူပြုစေရန် ရည်ရွယ်လျှက် နှာခေါင်းစည်း mask မတပ်ဘဲအပြင်ထွက်လာသည့်ပြည်သူများအား နှာခေါင်စည်း mask(၂၀၀)ခုအခမဲ့ဖြန့်ဝေပေးခဲ့ပြီး ပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ယနေ့ ဆောင်ရွက်သော maskcamping သည် နောက်ဆုံးအကြိမ်ဖြစ်၍ နောက်ရက်များတွင် အပြင်ထွက် လျှင် နှာခေါင်းစည်းmask မတပ်သူများကို ဒဏ်ငွေတပ်အရေးယ ဆောင်ရွက်မည်ဖြစ် ကြောင်း လဟယ်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုနပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇာနည်၀င်းထံမှသိရသည်။
ရှားဆက်(လဟယ်)