တမူး၊ ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်း မေလ(၂၆)ရက်နေ့မှ ဇွန်လ (၂၆) ရက် နေ့ အထိ( ၁ )လအတွင်း ကိုဗစ်အတည်ပြုလူနာ (၈၆၅) ဦးနှင့်သေဆုံးသူ(၅) ဦးရှိပြီဖြစ်ကြောင်း တမူးခရိုင် ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
တမူးခရိုင်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ (တတိယ) လှိုင်းစတင်ဖြစ်ပွားခဲ့သည့် မေလ(၂၆)ရက်နေ့မှ ဇွန်လ(၂၆) ရက်နေ့ အထိ (၁)လအတွင်း ရောဂါကူးစက်မှုခံရသူများနှင့်ထိစပ်သူများ၊သံသယရှိပြည်သူ (၂၅၀၈)ဦး တို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရောဂါပိုးတွေ့ရှိသူများကို တမူးခရိုင် ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြို့သစ်မြို့ဆေးရုံ၊ မင်းသာကျေးရွာတိုက်နယ်ဆေးရုံ၊ သနန်ကျေးလက် ကျန်းမာရေးဌာနတို့တွင်စောင့်ကြပ်ကုသပေးခဲ့ပြီး လည်းကောင်းတို့အနက်မှ(၅၁၈)ဦးမှာ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ပြု ခဲ့ပြီး (၃၃၈) ဦးကို ဆက်လက်ကုသပေးလျက်ရှိကြောင်း ရောဂါဖြစ်ပွားသူများနှင့် ထိတွေ့ဆက်စပ်သူ များကိုလည်း နယ်စပ်လမ်းဖောက်လုပ်ရေးစခန်း(BRTF) Quarantine Centre တွင်ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊စေတနာရှင်ပြည်သူများမှ စောင့်ကြပ်ကြည့်ရှု လျက်ရှိကြောင်းသိရှိရသည်။
ကျော်ကြီး