ကျောက်တံခါးမြို့တွင် အိုလံပစ်နေ့အထိမ်းအမှတ် ကျင်းပပြုလုပ်ခဲ့သော အားကစားပြိုင်ပွဲများမှ ထူးချွန်သူများအား ဆုများပေးအပ်

ကျောက်တံခါး ဇွန် ၂၇
 
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး ကျင်းပပြုလုပ်ခဲ့သော အိုလံပစ်နေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများတွင် ထူးချွန်အောင်မြင်စွာ အနိုင်ရရှိခဲ့သော အားကစားသမားများအား ဆုများပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့် အားကစားဝါသနာရှင်များ ပြိုင်ပွဲဝင်အားကစား သမားများ တက်ရောက်ကြပြီး ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုများရှိခဲ့ကြသော အားကစားအဖွဲ့များကိုတက်ရောက်လာသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စန်းစန်း