ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်

ဘူးသီးတောင် ဇွန် ၂၇
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အထူးဂရုပြု ဆောင်ရွက်လျက်ရှိရာ ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့် ဘူးသီးတောင် မြို့လူစည်ကားရာနေရာများ၌ ယနေ့နံနက်(၈)နာရီ အချိန်က Mask Campaign အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စောမင်းသိန်းတို့ဦးဆောင်၍ မြို့နယ်
အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ လူစည်ကားရာနေရာများဖြစ်သော မြို့ဝင်ဂိတ်၊ မြို့မစည်ပင်သာယာစျေးများ တွင် Mask Campaign အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြည်သူများအား Mask အခု (၂၀၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကိစ္စနှင့်ပတ်သက်၍ တစ်နေ့နှစ်ကြိမ်အသံချဲ့စက်များဖြင့်လှည့်လည်ကြော်ငြာခြင်း၊မြို့ဝင်/မြို့ထွက် စစ်ဆေးရေး ဂိတ်များထားရှိခြင်း၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖွဲ့စည်းပြီး Mask Campaign ပြုလုပ်ခြင်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရသည်။