ကျောက်ဖြူမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနား ပြုလုပ်

ကျောက်ဖြူ  ဇွန် ၂၆

၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံး မှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြ သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Center ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌကိုယ်စား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မင်းစံဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာသည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဆိုး ကျိုးများနှင့်  ပြိုင်ပွဲပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ ယင်းနောက် မူးယစ်ဆေးဝါးအသိပညာပေး ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲတွင် မိမိကြိုက်နှစ်သက်ရာ ခေါင်းစဉ်အသီးသီးဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ရာ ဆုရရှိသူကျောင်း သူတစ်ဦးမှ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။   

အဆိုပါ ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကို ဇွန်လ ၁၂ ရက်နေ့က ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ ပြီးဖြစ်ကာ  မြို့ပေါ်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၃၈ ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဇွန်လ ၂၅ ရက်နေ့တွင် ဂုဏ်ပြုဆုများချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ၎င်းအခမ်းအနား တွင် မူးယစ်ဆေးဝါးအသိပညာပေး စာအုပ်များ၊ နံရံကပ်စာစောင်များနှင့် ဓါတ်ပုံများကို ဝေဝေဆာဆာ ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း