ကျောက်ကြီးမြို့နယ်၌ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ခြင်းရှိ/မရှိစစ်ဆေး

ကျောက်ကြီး ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ဖွင့်လှစ်ရောင်းချနေသော စားသောက် ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှုရှိ/မရှိကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကိုဗစ်−၁၉ ကာကွယ်ရေးစားသောက်ဆိုင်များ စိစစ်ကြပ်မတ်ရေးကော်မတီမှ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော် မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့အမှု ဆောင်အရာရှိနှင့် သက်ဆိုင်ရာကော်မတီ တာဝန်ရှိသူများမှ ကျောက်ကြီးမြို့နယ် စည်ပင်သာယာနယ်နိမိတ် အတွင်း ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များတွင် ကိုဗစ်−၁၉ ကာကွယ် တားဆီးရေးဆိုင်ရာ လက်ဆေးရည်၊ ဆပ်ပြာနှင့် ဘေစင်များ စနစ်တကျ ထားရှိခြင်း၊ နှာခေါင်းစည်း Mask နှင့် Face Shield များတပ်ဆင်၍စနစ်တကျရောင်းချခြင်း၊ စားသုံးသူများကိုလည်း ဆိုင်အဝင် ၌ လက်သန့်စင် စေ ပြီး ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ Mask  တပ်ဆင်ပြီးမှဆိုင်အတွင်းသို့ ဝင်ရောက်စေခြင်း၊ ဆိုင်အတွင်းတွင် လည်း သတ်မှတ်အကွာအဝေး၌သာ ဝယ်ယူစားသောက်စေခြင်း စသည့် ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိကိုသက်ဆိုင်ရာ ဆိုင်ပိုင်ရှင်များနှင့်ဆိုင်ဝန်ထမ်းများအားတွေ့ ဆုံစစ် ဆေးခဲ့ပြီး ကိုဗစ်−၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း မကြာခဏ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကိုဗစ်−၁၉ ကာကွယ်ရေး စားသောက်ဆိုင်များ စိစစ်ကြပ်မတ်ရေးကော်မတီမှ သိရသည်။