ကျောင်းကုန်း ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ဝက်လိုင်စင် လုပ်ကိုင် သူသည် ဖျားနာပြီးအနံ့မရသဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများကRapid Test Kit(R T K)စက်ဖြင့် ယမန်နေ့ ညနေပိုင်းက စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ ပိုးရှိသူ(၆)ဦး တွေ့ရှိ ခဲ့ပြီး၊ ယနေ့နံနက်ပိုင်းတွင် (၂)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဌာနက သိရသည်။
ကျောင်ကုန်းမြို့တွင် ကိုဗစ်-၁၉ တတိယလှိုင်းအဖြစ် ပြီးခဲ့သည့် ဇွန်လ(၂၂)ရက်နေ့က ရောဂါပိုးတွေ့ရှိ သူ(၁၃)ဦးနှင့်ယခု(၈)ဦးထပ်မံတွေ့ရှိရာစုစုပေါင်း(၂၁)ဦးအား ချောင်ကြီးတိုက်နယ်ဆေးရုံတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးထားပြီး၊ လိုအပ်သော ကုတင်များနှင့် ပိုးတွေ့လူနာများကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် များက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)