အမ်းမြို့နယ်တွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင် အထွက်ဖြစ်သည့် ပဲပဒုံပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းများ ပူးပေါင်း ဆောင်ရွက်

အမ်း ဇွန် ၂၆

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် ရခိုင်ပြည်နယ်အတွင်းသို့ အခြား တိုင်းဒေသကြီး/ ပြည်နယ်များမှ ဝင်ရောက် လာသည့် ခရီးသွား ပြည်သူများ၊ ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များအား မြို့အဝင်အထွက် ဖြစ်သည့် ပဲပဒုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ များပါဝင်သည့်အဖွဲ့မှ ယနေ့နံနက်(၆)နာရီအချိန်တွင် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန် ရှိသူများနှင့် ဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့မှ ခရီးသွားပြည်သူများ၊ ကုန်တင် ယာဉ်များ၊ ခရီးသည်တင် ယာဉ်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာစေရေး ခရီးသွားရာဇဝင် စစ်ဆေးမှတ်တမ်းတင်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို နေ့စဉ် နံနက်(၆)နာရီမှ ည(၆)နာရိထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

စိုးမင်းထွန်း