မြိုင် ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်ဓါတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်း တို့ကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အထိမ်းအမှတ်ပွဲတွင် မူးယစ်ဆေးဝါးဆိုင်ရာ နံရံကပ်ဓါတ်ပုံများ၊ စာအုပ်ပြခန်းတွင် သုတ/ရသ အဖြာဖြာ စာအုပ်များကို ခင်းကျင်းပြသထား၍ စာချစ်များမှ လေ့လာကြည့်ရှုကြပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဆက်လက်ပြီး တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြသည့် စာချစ်များက စာဖတ်ဝိုင်းတွင် ပြသထားသည့် မူးယစ်ဆေးဝါး ဆိုင်ရာ နံရံကပ်ဓါတ်ပုံများမှ လိုက်နာရှောင်ရမည့် အကြောင်းအရာများနှင့် လူထုဦးလှ ရေးသားထားသော အရက် သမား အမှားတစ်ထောင်စာအုပ်မှ အကြောင်းအရာများကို အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ကြောင်းသိရသည်။
မိုးကြီး (မြိုင်)