ပေါင်းတည်မြို့နယ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်

ပေါင်းတည်  ဇွန်  ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင်  သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် ပေးအပ် ဆောင်ရွက်ခဲ့ကြောင်း   မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ( ၈၅ )နှစ်အထက် အဘိုး၊ အဘွားကို လူမှုရေးပင်စင်များ (၃)လ တစ်ကြိမ်  ထောက်ပံ့ပေးအပ်လျက်ရှိရာ (၂၀၂၀-၂၀၂၁)ခုနှစ် ဘဏ္ဍာရေးနှစ်၊ ဒုတိယ   သုံးလ ပတ် (ဇန်နဝါရီ၊ဖေဖော်ဝါရီ၊မတ်)အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ် ကို အိမ်တိုင်ရာရောက်  ပေးအပ်လျက်ရှိရာ ပေါင်းတည်မြို့နယ် အုပ်ဖို (၁)ရပ်ကွက်ရှိ ဘိုးဘွား(၃၅)ဦးအား လူမှုရေးပင်စင် တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် (၁၀၅၀၀၀၀) ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ် မီးသတ် ဦးစီးဌာနတို့က  ဘိုးဘွားများထံ အိမ်တိုင်ရာရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။

ချစ်နှင်းသုန်