မြောင်းမြခရိုင်ရုံး ဝန်ထမ်းများစာဖတ်ဝိုင်းဆောင်ရွက်

မြောင်းမြ ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ် (၃)နာရီက "နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ" အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် ခရိုင်ဦးစီးအရာရှိ ဒေါ်စန္ဒာကြည်က ဝန်ထမ်များအနေဖြင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်း၊ ကျင့်ဝတ်များ၊ အမိန့်ညွှန်ကြားချက်များကို သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပပြုလုပ် ပေးရ ခြင်းဖြစ်ကြောင်း ရှင်းလင်ပြောကြားခဲ့သည်။ ၎င်းနောက် ဝန်ထမ်းများက "နိုင်ငံ့ဝန်ထမ်းကျင့် ဝတ်ဆိုင်ရာ စံတန်ဖိုး များ" တွင်ပါရှိသည့် ရည်ရွယ်ချက်များ၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်များ ၊ ပြည်သူ ဗဟိုပြု နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရန် ကတိကဝတ်ပြုခြင်း၊ လုပ်ငန်းတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ဖြင့် တိကျမှန်ကန်မြန်ဆန်ထိရောက်စွာ ဆောင်ရွက်ခြင်း၊ ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ရှိခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့် ယုံကြည်ထိုက်ခြင်း၊ ထူးချွန်ပြောင်မြောက်မှုနှင့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုရှိခြင်း၊ အားလုံပါဝင်၍ ပူပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိခြင်း၊ ဘက်လိုက်မှု ကင်းခြင်း၊ အဂတိကင်းရှင်းခြင်း၊ တရားမျှတစွာဆောင်ရွက်မှုရှိခြင်းနှင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်း စသည့်အချက်များ ဖတ်ရှုဆွေးနွေးခဲ့ကြသည်။

အဆိုပါ  နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်များသည် ယခင်ပြဌာန်ထားရှိသော နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် ကျင့်သုံးလျက်ရှိသော  စံနမူနာကောင်းမျာကို အခြေခံ၍ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ တာဝန်ရှိသူများနှင့် ပူပေါင်းညှိနှိုင်းရေးဆွဲထားခြင်းဖြစ်ပြီး အခန်းပေါင်း(၁၁)ခန်း ပါရှိကြောင်းသိရပါသည်။

စန္ဒကြည်