ပုဏ္ဏားကျွန်း၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များနှင့်(Mask)များဖြန့်ဝေ

ပုဏ္ဏားကျွန်း ဇွန် ၂၆

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းတို့ပူးပေါင်း၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊(ရုံးချုပ်) နေပြည်တော်က ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်၊ သတင်းစကား လက်ကမ်းစာစောင်များ နှင့်(Mask)များဖြန့်ဝေခြင်းကို ယနေ့ ၊ နံနက် (၈)နာရီ က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် လမ်းသွားလမ်းလာ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။

ထိုသို့ဖြန့်ဝေသည့်သတင်း  စကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော    ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းအကြောင်းရင်းများ၊ မူးယစ်ဆေးဝါးပြသနာများကိုဖြေရှင်းခြင်း၊ မူးယစ် ဆေးဝါးအန္တရာယ် ရှောင်ကြည်ဖွယ်ရာ၊ မုံရွာဝင်းဖေ  ရေးသားသော ကမ္ဘာ့ရန်သူဘိန်းဖြူကဗျာနှင့် ပညာပေးကာတွန်းများကို စိတ်ဝင်စားဖွယ် ထည့်သွင်းဖော်ပြ ထားသည့်    သတင်းစကား လက်ကမ်း စာစောင်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်  ပါးစပ်နှင့်နှာခေါင်းစည်း(Mask)အခု ၃၀၀ ကို လမ်းသွားလမ်းလာပြည်သူမျာအား (အခမဲ့)ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)