အုတ်ဖို ဇွန် ၂၆
အများပြည်သူ သွားလာရေး ပိုမိုလွယ်ကူချောမွေ့စေရန် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖို မြို့နယ်၊ အိုးသည်ကုန်းမြို့ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဈေးချိုတန်းလမ်း ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၅ ရာခိုင်နှုန်းပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းမှာ အရှည် ၃၁၅ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၃ လက်မဖြင့် ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရာနှုန်းပြည့် ပြီးစီးပါက ဒေသခံပြည်သူများ၏ စီးပွားရေး၊ ကျန်းမာရေးနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးတို့တွင် ပိုမိုအဆင်ပြေချောမွေ့လာနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အမှုဆောင် အရာရှိ ဦးဖြိုးဝေအောင်ထံမှ သိရသည်။
အောင်သူ