မင်းပြားမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့်နံရံကပ်စာစောင်များခင်းကျင်းပြသ

မင်းပြား  ဇွန်  ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နံရံကပ် စာစောင် ဓါတ်ပုံပြပွဲကို ယမန်နေ့ နေ့လည် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများသို့ သွားရောက်ဖြန့် ဝေပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော  အပြည်ပြည်ဆိုင် ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင်ပါရှိသော အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်  တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းအကြောင်းအရာများ၊ မူးယစ်ဆေးစွဲသူ ဖေးမကူ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ကာတွန်းများအား ဝေဝေဆာဆာဖော်ပြထားသော သတင်း စကား လက်ကမ်းစာစောင်များအား မြို့နယ်အဆင့်ဌာနဆိုင်ရာများရုံးများ၊ အခြေခံပညာကျောင်း များမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမများ၊ လူစည်ကားရာနေရာများ၊ အငှားယာဉ် မောင်းနှင်သူများနှင့် လမ်းသွားလမ်းလာပြည်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများမှ အဆိုပါနေရာများသို့ သွားရောက်ကာ ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ၌လည်း မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်နှင့် ဓါတ်ပုံပြပွဲများကိုလည်း ခင်းကျင်းပြသထားလျက်ရှိကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)