မုဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ လူနာများထားရှိရန် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်

မုဒုံ ဇွန် ၂၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်း တစ်ရပ်အနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် Hospital Quarantine ထားရှိရန် ကြိုတင် ပြင်ဆင်မှုလုပ်ငန်းများကို ယမန်နေ့ နေ့လယ် ၁ နာရီခန့်က စတင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ဆေးရုံဝန်းအတွင်း သန့်ရှင်းရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ လူနာများ ထားရှိရန်အတွက် (Isolation Bed)များ ထားရှိခြင်း လိုအပ်သော ပြင်ဆင်မှုများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ