မြေပုံမြို့နယ်၌ မိုးရာသီလူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မြေပုံ ဇွန် ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ သစ်တောဦးစီးဌာနနှင့် မြေပုံမြို့နယ် CSO အဖွဲ့များ ပူးပေါင်းဆောင်ရွက်သော ၂၀၂၁ ခုနှစ်၊ မိုးရာသီလူထု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်တွင် မြို့မပန်းခြံအတွင်း၌ သစ်ပင်စိုက်ပွဲပြုလုပ်၍ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးသည်။ 

စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ အမှတ်(၃)စစ်ဗျူဟာအဖွဲ့မှ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ခိုင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဦးနှင့် အဖွဲဝင်များ၊ မြိုနယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များနှင့် ဝန်ထမ်းများ၊ CSO အဖွဲ့များမှ အသင်း/အဖွဲ့ဝင်များ စုစုပေါင်းအင်အား(၁၅၀)ဦးခန့် တက်ရောက်ကြပြီး ပန်ဒါပျိုးပင်(၁၀၀)ပင်၊ မဟော်ဂနီပျိုးပင်(၁၀၀)ပင်၊ သပြေပျိုးပင်(၅၀)ပင်၊ ရေတမာပျိုးပင်(၁၄၀)ပင်၊ ပျဉ်းကတိုးပျိုးပင်(၅၀)ပင်၊ သင်းဝင်ပျိုးပင်(၄၀)ပင်၊ ယူကလစ်ပျိုးပင်(၂၀)ပင် တို့ဖြစ်ပြီး စုစုပေါင်း ပျိုးပင်(၅၀၀)ပင်အား တစ်ပျော်တစ်ပါး လူထုစုပေါင်းစိုက်ပျိုးကြကြောင်း သိရှိရ သည်။

တင်ဝင်း