ပေါက် ဇွန် ၂၆
၂၀၂၀၁ခုနှစ် ဇွန်(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပေါက်မြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး(Talk Show) ဆွေးနွေးပွဲပြု လုပ်သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဥမ္မာကျော်က လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် လမ်းမှားမရောက်စေရန်နှင့် အသိပညာရရှိ စေရန်အတွက် ဆွေးနွေးပွဲပြုလုပ်ရခြင်းကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး စာကြည့်တိုက်မှူး ဒေါ်ခင်သန်းဆင့်က မူးယစ်ဆေးဝါးအမျိုးအစားများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမိလျှင် ဖြစ်စေတတ်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ အန္တရာယ် အကြောင်းတို့ကို အသေးစိတ် ဆွေးနွေးပေးသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ပေးခြင်းဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်များ ပညာသင်ယူစဉ်ကာလ မူးယစ်ဆေးဝါးကြောင့် လမ်းမှားမရောက်ကြစေရန်အတွက် မိမိမှစ၍ စမ်းသပ် သုံးစွဲခြင်းမပြုကြရန်နှင့် အခြားသူများကိုလည်း အသိပညာများ ပြန်လည်မျှဝေပေး နိုင်ရန် ရည်ရွယ်ချက်တို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)