မြောက်ဦးမြို့ Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

မြောက်ဦး  ဇွန်  ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကျောင်းသား၊ကျောင်းသူများ အနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆွေးနွေးတတ်စေ မည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာရေးဆရာ အောင်သင်းရေးသားသော ရည်မှန်းချက်နှင့်ပြသနာအထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယမန်နေ့ နေ့လည် ၁ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမအတွင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်ရွှေက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး  အခန်း(၁)ပါ ရည်မှန်း ချက်နှင့်ပြသနာအထွေထွေဟောပြောချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက(၂) ကျောင်းမှ အဋ္ဌမတန်းကျောင်းသူ မဝင်းကြည်မက ရည်မှန်းချက်နှင့်ပြသနာအထွေထွ အမေးအဖြေ များခေါင်းစဉ်ဖြင့်လည်းကောင်း၊  ဦးတင်ဝင်းက ရည်မှန်းချက်နှင့်ပြသနာအထွေထွ နောက်ဆက် တွဲ အမေးအဖြေများခေါင်းစဉ်နှင့် ရည်မှန်းချက်နှင့် ပြသနာအထွေထွဗေဒင်နှင့်ဘဝရည် မှန်းချက် စသော ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူကလေးများက စာရေးဆရာအောင်သင်း ရေးသားသော ရည်မှန်းချက်နှင့် ပြသနာအထွေထွေစာအုပ်မှ ဆွေးနွေးချက်များအပေါ် သိရှိလိုသည်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 ခင်မောင်ထွန်း(ပြန်/ဆက်)