မအူပင် ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းကို မအူပင်မြို့လူစည်ကားရာနေရာများ ဖြစ်သည့်အခွန်လွတ်စျေးနှင့် တေဇလမ်းနှင့်ဘုရားလမ်းဆုံနေရာများ၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ နှာခေါင်းစည်း Mask များဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေဦးစီးဌာန ဝန်ထမ်းများက မီးသတ်ဦးစီးဌာန၊ပြန်/ဆက်ဦးစီးဌာန၊ကျန်းမာရေးဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့များမှဝန်ထမ်းများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီးလူစည် ကားရာအခွန်လွတ်စျေး၊ တေဇလမ်းနှင့်ဘုရားလမ်းဆုံနေရာများရှိ လမ်းမကြီးပေါ်သွားလာ နေသော ပြည်သူများကို နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အသိပေးကြေငြာချက်များကိုလည်း ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း ပြည်သူများသိရှိစေရန် လှည့်လည်ကြေငြာခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ ဆက်)