မင်းဘူးမြို့ဈေးကြီးအတွင်း၌ ရောင်းချနေသော စားသောက်ကုန်များနှင့် ကုန်စုံဆိုင်များတွင်သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မင်းဘူး   ဇွန်  ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ စည်ပင်သာယာမြို့မဈေးကြီး အတွင်း၌ ရောင်းချနေသော စားသောက်ကုန်နှင့် ကုန်စုံဆိုင်များတွင် သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စားသောက်ကုန်နှင့် ကုန်စုံဆိုင်များတွင် ဖော်မလင်နှင့် ဓာတုဆိုးဆေးများ အလွန် အကျွံ သုံးစွဲရောင်းချနေမှု ရှိ/မရှိ စားသောက်ကုန်များ နမူနာဝယ်ယူ၍ စားသုံးသူများအတွက် စားသုံးရန် သင့်/မသင့် Mobile Lab Van စစ်ဆေးရေးယာဉ်ဖြင့်စစ်ဆေးခြင်း၊ စားသောက် ကုန်များနှင့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြရောင်းချခြင်း ပြည့်စုံမှု ရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချ နေမှု ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ကုန်ပစ္စည်းများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း” မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဦးမြင့်ကြည်ထံမှ သိရသည်။

ထိုသို့စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)၊ ခရိုင်/မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့မှ တာဝန်ရှိသူများက ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မောင်မောင် (မင်းဘူး)